Pages

Subscribe:

Friday, February 1, 2013

HTC RUU မှန်အောင် ဘယ်လိုရွေးမလဲ

1. CID

 ပထမဆုံးအနေနဲ့ ကိုယ့် HTC ဖုန်းရဲ့ CID ကိုသိဖို့ လိုပါတယ်။ CID ဆိုတာ Carrier Identification ကို ကိုယ်စားပြုပါတယ်တဲ့။ ဥပမာ Verizon, T-Mobile, AT&T, Orange, Dokomo အစရှိသဖြင့်ပေါ့။ International version (Carrier-less) တွေဆိုရင်တော့ Europe, SEA အစရှိသဖြင့် Region နဲ့သတ်မှတ်ပါတယ်။ CID ဖတ်ဖို့ fastboot လိုသလို driver တွေလဲလိုပါတယ်။ ဒါတွေဘယ်လိုယူမလဲဆိုတာကိုတော့ အသေးစိတ်မရှင်းပြတော့ပါဘူး။ ဒီ xda guide ကိုသာဖတ်ကြည့်ကြပါ။ http://forum.xda-developers.com/showthread.php?t=1152148 (Credits to MLIGN from XDA) Fastboot, driver ရပြီိဆိုရင်တော့ bootloader ထဲသွားရပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီးရင် ၁၀စက္ကန့်လောက်စောင့်ပြီး Vol Down + Power ကိုဖိထားပါ။ Bootloader ထဲရောက်သွားပါမယ်။ Bootloader ထဲမှာ Vol Down, Vol Up ကိုသုံးပြီး ရွှေ့ရပါတယ်။ ရွေးထားတာကို ၀င်ချင်ရင် Power ကို နှိပ်ရပါတယ်။ Bootloader ထဲက fastboot ကိုရွေးပြီးရင် PC နဲ့ဖုန်းကို ချိတ်လိုက်ပါ။ ပြီးရင် Command Prompt ကိုဖွင့်ပြီး အောက်က command ကိုရိုက်ပါ။ fastboot getvar cid အဲဒီမှာ CID: none လို့ပြနေရင်တော့ ဒီ command ကိုသုံးပါ။ fastboot oem readcid ရတဲ့ CID ကို ရေးမှတ်ထားပါ။ 2. Carrier စောစောက CID ကိုသုံးပြီး ကိုယ့်ဖုန်းရဲ့ Carrier/Region ကိုစစ်ရပါမယ်။ စစ်ဖို့အတွက် CID ကို ဒီစာရင်းထဲမှာရှာပါ။ http://pastebin.com/rNGgk492 ရှာတွေ့ပြီဆိုရင် Carrier/Region ကိုလည်း ရေးမှတ်ထားလိုက်ပါ။   3. RUU Carrier ရပြီဆိုရင် RUU ရှာဖို့ အဆင်သင့်ဖြစ်ပါပြီ။ ကိုယ့် Carrier ပေါ်လိုက်ပြီး အောက်က စာရင်းထဲမှာ RUU version ကိုမှန်အောင်ရှာပါ။ http://pastebin.com/vGxWfR27 Version မှာအရေးကြီးတာက စာရင်းထဲကအတိုင်း တတိယနံပါတ်ပဲအရေးကြီးပါတယ်။ Version သိပြီဆိုရင် ကိုယ် download ဆွဲမယ့် RUU နာမည်ကိုကြည့်ပြီး version မှန်အောင်ဆွဲရုံပါပဲ။ ကိုယ့်ဖုန်း model နဲ့လဲကိုက်ရပါမယ်။ RUU တွေက codename တွေနဲ့လာတတ်ပါတယ်။ ကိုယ့် HTC ဖုန်းရဲ့ codename ကို အောက်မှာရှာပါ။ http://en.wikipedia.org/wiki/List_of_HTC_phones IMPORTANT: RUU ရပြီဆိုရင်တော့ ဖုန်းကို fastboot ထဲကိုပြန်သွား၊ ပြီးရင် PC မှာတပ်၊ ပြီးရင်တော့ RUU ကိုဖွင့်လိုက်ပါ။ ပြီးရင် ညွှန်ကြားချက်အတိုင်း ဆက်လုပ်လိုက်ပါ။ တစ်ကယ်လို့ root လုပ်ထားတယ်။ htcdev.com မှာ bootloader unlock လုပ်ထားတယ်ဆိုရင်၊ CWM တင်ထားတယ်ဆိုရင်တော့ bootloader ကို relock လုပ်ပြီး stock recovery လဲပြန်တင်ရပါမယ်။ Bootloader ကိုပြန်ပိတ်ဖို့က အောက်က command ကိုရိုက်ပါ။ fastboot OEM lock Stock recovery ကိုတော့ ဖုန်းပေါ်မူတည်ပြီး ပြန်ရှာရပါတယ်။ ဖုန်းအများကြီးရှိတဲ့အတွက် ဒီ guide မှာတော့ မဖေါ်ပြပေးတော့ပါဘူး။ တစ်ကယ်လို့ stock recovery image ရှာတွေ့ခဲ့ရင် အောက်က command နဲ့သွင်းပါ။ fastboot flash recovery recovery.img တစ်ကယ်လို့ custom ROM ပါတင်ထားခဲ့တယ်ဆိုရင်တော့ stock kernel (boot image) လဲပြန်သွင်းရပါမယ်။ ဘယ်လိုရှာရမလဲဆိုတာတော့ ဖုန်းတွေအများကြီးမို့လို့ ထည့်မရေးတော့ပါဘူး။ Stock boot image ရှာတွေ့ရင်တော့ အောက်က command နဲ့ သွင်းပါ။ fastboot flash boot boot.img ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ RUU ရှာတာကို ဥပမာပြရရင် ဒီမှာ Tommy Oliver မေးထားတဲ့ RUU နာမည် - RUU_Chacha_HTC_Europe_1.33.401.1_Radio_47.17.35.3033H_7.48.35.14_2_release_204385_signed.exe ဒါဆိုရင် HTC Chacha (HTC Status) ရဲ့ RUU ဆိုတာသိရပါပြီ။ Version က 1.33.401.1 ဆိုတဲ့အတွက် Carrier စာရင်းနဲ့ကြည့်လိုက်ရင် x.xx.401.x ဆိုတာ WWE Unbranded (Worldwide Europe Unbranded) ဆိုတာသိရပါပြီ။ အဲဒီ carrier ကို CID စာရင်းမှာသွားကြည့်ရင် HTC WWE ဖြစ်လို့ CID က HTC__001 ဆိုတာသိရတဲ့အတွက် HTC Chacha CID HTC_001 တွေမှာသာ သွင်းလို့ရမှာဖြစ်ပါတယ်။ ဒီမှာက ကျွန်တော်က ပြောင်းပြန်ရှာပြတာပါ။ တစ်ကယ်တမ်း ရှာတဲ့အခါမှာတော့ ကိုယ်ဖုန်းရဲ့ CID ကနေစရမှာဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက တစ်ချို့ HTC ဖုန်းတွေမှာ S-OFF ရတဲ့အတွက် SuperCID 11111111 ဖြစ်နေတာရှိပါတယ်။ အဲဒါဆိုရင်တော့ ဘယ် RUU မဆို သွင်းလို့ရပါတယ်။ အခုနောက်ပိုင်း One X, Butterfly တွေမှာတော့ S-OFF မရသေးပါဘူး။ အားလုံးပဲ RUU အမှန်ရှာတွေ့ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ တာ့ာတာ။ ဘိုင့်ဘိုင်။  Important Notes: RUU မှန်တာတောင်မှ error ပြနေသေးရင် လုပ်လို့ရတာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက fastboot ထဲရောက်အောင်သွားပါ။ ရောက်ရင် PC နဲ့တပ်၊ command prompt မှာ အောက်က command ကိုရိုက်ပါ။ fastboot rebootRUU fastboot ထဲပြန်ရောက်သွားပါမယ်။ အဲဒီတော့မှ RUU ကိုသွင်းကြည့်ပါ။ နောက်တစ်ခုကတော့ ကိုယ့် HTC ဖုန်းရဲ့ bootloader version က RUU ထဲက bootloader version ထက်မြင့်နေတာဖြစ်နိုင်ပါတယ်။ အဲဒီတော့ Latest RUU ကိုရအောင်ရှာပြီး သွင်းမှပဲရနိုင်ပါမယ်။ RUU တွေက bootloader အမြင့်ကနေ အနိမ့်ကိုပေးမဆင်းပါဘူး။ အဲဒါကြောင့် ပြသနာတက်နိုင်ပါတယ်။  Error messages: Error 155 - Usually wrong recovery.img (or) wrong boot.imgError 140 - Wrong bootloader (or) bootloader unlockedError 131 - Wrong RUU for your device

https://www.facebook.com/groups/MyanmarMobileUsers/doc/535214333169605/

By Chilly Chan in Myanmar Mobile Users Club

0 comments:

Post a Comment